"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"
Find your rest and renewal in "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" 🕊️This podcast is dedicated to bringing you closer to God's heart through His living words. Whether you're seeking guidance or a moment of peace, join us as we explore the scriptures that light up our life's journey. Tune in and let your soul be refreshed.✨ Don't forget to subscribe and share this light with someone who needs strength today!#ChristianMeditation #BibleStudy #SpiritualGrowth #WordOfGod #MyanmarPodcast #HopeForYouth(WOH_LHM)
Ep06_လှိုင်းဒဏ်ကိုဘာကြောင့်ရင်ဆိုင်ရသလဲ
"လှိုင်းဒဏ်ကို ဘာကြောင့် ရင်ဆိုင်ရသလဲ?"
(ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်)
တင်ဆက်သူ - July Moe
မင်္ဂလာပါရှင်။ "ရေဆန်တက်သောဘဝ" Podcast ကနေ ကြိုဆိုပါတယ်။ ကျွန်မတိုအားလုံးဟာ ကိုယ်စီကိုယ်စီရဲ့ ဘဝပင်လယ်ပြင်ထဲမှာ လှေငယ်လေးတစ်စင်းစီနဲ့ ခရီးနှင်နေကြသူတွေပါ။ တစ်ခါတလေမှာ လေသင့်လို ရေစုန်မျှောရတာမျိုး ရှိပေမဲ့၊ များသောအားဖြင့်တော့ ကျွန်မတိုဟာ ခက်ခဲတဲ့ ရေစီးကြောင်းတွေကို အံတုပြီး ရေဆန်တက်နေကြရတာ ခပ်များများပါ။
ဒီကနေ့ ပထမဆုံး အပိုင်းမှာတော့ ကျွန်မတို ဘာကြောင့် ဒီလိုပင်ပန်းခံပြီး ရေဆန်တက်နေကြတာလဲ၊ ဘာကြောင့် လှိင်းဒဏ်တွေကို ရင်ဆိုင်ဖို ရွေးချယ်ခဲ့ကြတာလဲဆိုတဲ့ "ရည်ရွယ်ချက်" အကြောင်းကို ပြောပြပေးသွားမှာပါ။ လူအတော်များများက မေးလေ့ရှိပါတယ်။ "ရေစုန်မျှောလိုက်ရင် မသက်သာဘူးလား" တဲ့။ ဟုတ်ပါတယ်။ ရေစုန်မျှောလိုက်ရင် အားစိုက်စရာမလိုဘူး၊ ပင်ပန်းမှုမရှိဘူး။ ဒါပေမဲ့ ရေစုန်မျှောခြင်းရဲ့ အဆုံးသတ်ဟာ ကိုယ်မလိုချင်တဲ့ နေရာတစ်ခု ဖြစ်နေတတ်သလို၊ တစ်ခါတလေမှာ အရှိန်ပြင်းတဲ့ ရေတံခွန်ထဲကို ကျဆင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မတို ဘာကြောင့် ရေဆန်တက်ရသလဲဆိုရင်... "တန်ဖိုးရှိတဲ့အရာတွေဟာ ရေစီးကြောင်းရဲ့ အထက်ဘက်မှာပဲ ရှိနေလို" ပါ။ ဥပမာ- သင်လိုချင်တဲ့ အောင်မြင်မှု၊ သင့်မိသားစုရဲ့ လုံခြုံမှု၊ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်ဆိုတာတွေဟာ လွယ်လွယ်ကူကူ ရေစုန်မျှောရုံနဲ့ ရနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ လှိင်းဒဏ်ကို ရင်ဆိုင်ရတဲ့အခါ တချိုက ကြောက်ရွံတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားကြည့်ပါ။
ခိုင်ခံ့တဲ့ ရွက်လှေတစ်စင်းဟာ လေငြိမ်နေတဲ့ ဆိပ်ကမ်းမှာပဲ ရှိနေဖို ဖန်တီးထားတာ မဟုတ်ပါဘူး။ လှိင်းလေထန်တဲ့ ပင်လယ်ထဲမှာ ခရီးနှင်ဖို ဖန်တီးထားတာပါ။ လူဆိုတာလည်း အခက်အခဲဆိုတဲ့ ရေစီးကြောင်းနဲ့ တိုးမှသာ ကိုယ့်ထဲမှာ ဘယ်လောက်ထိ ခွန်အားတွေ ရှိနေသလဲဆိုတာ သိခွင့်ရတာပါ။ ဒီနေ့မှာ မိတ်ဆွေက ရေဆန်တက်နေရလို ပင်ပန်းနေပြီလား? လှိင်းတွေကပဲ ကိုယ့်ကို ရိုက်ချနေသလို ခံစားနေရပြီလား?
အဲဒီလို ဖြစ်နေတယ်ဆိုရင် ဝမ်းမနည်းပါနဲ့။ အဲဒါဟာ မိတ်ဆွေက လမ်းမှန်ပေါ်မှာ ရှိနေလိုပါ။ တန်ဖိုးရှိတဲ့ ပန်းတိုင်ဆီကို သွားနေလိုပါ။ ရေဆန်တက်နေရခြင်းဟာ သင် "အသက်ရှင်နေတယ်" ဆိုတဲ့ သက်သေဖြစ်သလို၊ သင်ဟာ "အရှုးမပေးတဲ့သူ" ဆိုတဲ့ ဂုဏ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကနေ့အတွက် ခွန်အားသစ်တစ်ခု ပေးချင်တာကတော့ - "လှိင်းတွေက သင့်ကို ရိုက်ချဖို လာတာမဟုတ်ဘဲ၊ သင့်ကို ပိုပြီး ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးဖို လာတာပါ" ဆိုတာပါပဲ။
“ငါ့ညီအစ်ကိုတို၊ သင်တို၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- သင်တိုသည် အလျှင်းမချိုတဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။”ရှင်ယာကုပ် 1:2-4
Connect with us:
Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.
Listen on:
Ep05_ရေဆန်တက်ခြင်းရဲ့အဓိပ္ပါယ်
"ရေဆန်တက်ခြင်းရဲ့အဓိပ္ပါယ်"
တင်ဆက်သူ - July Moe
(ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်အစီအစဉ်)
အပတ်စဉ် စနေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ ခွန်အားယူနားဆင်ပေးပါအုံးနော်...
အားလုံးအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ...
Connect with us:
Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.
Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Ep04_အမှောင်ဆုံးညတွေမှာလည်း ကြယ်ပွင့်လေးတွေရှိပါတယ
"အမှောင်ဆုံးညတွေမှာလည်း ကြယ်ကလေးတွေရှိပါတယ်" (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်)
တင်ဆက်သူ - July Moe
#WordOfHopeLHM #JulyMoe #mindfulness #Foryou
Connect with us:
Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.
Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Ep03_မသေချာမှုတွေကြားက ခိုင်မာသောလက်တစ်စုံ
"မသေချာမှုတွေကြားက ခိုင်မာသောလက်တစ်စုံ" (ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်အစီအစဉ်)
တင်ဆက်သူ - July Moe
#wohlhmmyanmar #bible #mindfulness #wordsofGod #JulyMoe
Connect with us:
Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.
Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Ep02_ဝန်ထုတ်ဝန်ပိုးတွေကို ချထားလိုက်ပါ
"ဝန်ထုတ်ဝန်ပိုးတွေကို ချထားလိုက်ပါ"
တင်ဆက်သူ - July Moe ( ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်အစီအစဉ်)
မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မ မေးခွန်းလေးတစ်ခုနဲ့ စတင်ချင်ပါတယ်။
"သင် အခုတကယ်ပဲ အနားရရဲ့လား" ဆိုတာပါပဲ။ အိပ်စက်ရုံနဲ့ မလုံလောက်ဘဲ စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုကို ပြိုင်ဆိုင်နေရသလို၊ ရုန်းကန်နေရသလို ခံစားနေရပြီဆိုရင် ဒီစကားလေးက သင့်အတွက်ပါပဲ။ ကျွန်မတို့ဟာ လူသားတွေဖြစ်တဲ့အတွက် အမြဲတမ်း အားတင်းထားဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတလေမှာ အားနည်းခွင့်ရှိတယ်၊ ငိုကြွေးခွင့်ရှိတယ်၊ ပြီးတော့ "ငါ မလုပ်နိုင်တော့ဘူး" လို့ ဝန်ခံခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကို ဖန်ဆင်းထားတဲ့ အရှင်က သင်ဘယ်လောက်ထိ တောင့်ခံနိုင်သလဲဆိုတာကို သိနေလို့ပါပဲ။
လောကကြီးက သင့်ကို "ပိုကြိုးစားပါ၊ ပိုလုပ်ပါ၊ ပိုအောင်မြင်ပါ" လို့ပဲ တွန်းအားပေးနေချိန်မှာ သခင်ယေရှုကတော့ သင့်ကို ဒီလို ခေါ်ဖိတ်နေပါတယ်။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့ကို ချမ်းသာပေးမည်။” (ရှင်မဿဲ ၁၁:၂၈)
ဒီစကားက ရိုးရှင်းပေမဲ့ အရမ်းနက်ရှိုင်းပါတယ်။ ကိုယ်တော်က သင့်ကို ပြဿနာတွေ အကုန်ရှင်းပြီးမှ လာခဲ့လို့ မပြောပါဘူး။ ဝန်လေးပြီး ပင်ပန်းနေတဲ့ အခု "လက်ရှိအခြေအနေ" အတိုင်းပဲ လာခဲ့ဖို့ ဖိတ်ခေါ်နေတာပါ။ သင် မချီပိုးနိုင်တော့တဲ့စိတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တော့်ခြေရင်းမှာ ချထားလိုက်ဖို့ အချိန်တန်ပါပြီ။
တကယ့်အနားယူခြင်းဆိုတာ ဘာလဲ? အချက် ၃ ချက်နဲ့ ခွန်အားယူကြည့်ရအောင်။
အရာအားလုံးကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့ - ကျွန်မတို့ စိတ်ပူနေရတာဟာ အရာအားလုံးကို ကိုယ့်လက်ထဲမှာပဲ ထိန်းချုပ်ချင်လို့ပါ။ "ငါမတတ်နိုင်တဲ့ အရာတွေကိုဘုရားသခင် တတ်နိုင်တယ်" လို့ ယုံကြည်ပြီး လွှတ်ချလိုက်တဲ့အခါ စစ်မှန်တဲ့ ငြိမ်သက်ခြင်း စတင်ပါတယ်။မိမိကိုယ်ကို ကြင်နာပါ - ဘုရားသခင်က သင့်ကို မေတ္တာနဲ့ ကြည့်သလိုမျိုး သင့်ကိုယ်သင် ပြန်ကြည့်ပါ။ အမှားတစ်ခုလုပ်မိလို့ ဒါမှမဟုတ်နောက်ကျနေလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား "ဒီနေ့အတွက် ငါအကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ" လို့ ပြောပေးပါ။နှုတ်ကပတ်တော်မှာ အားဖြည့်ပါ - စိတ်ပင်ပန်းတဲ့အခါ သီချင်းအေးအေးလေး နားထောင်တာ၊ ကျမ်းစာဖတ်တာ ဒါမှမဟုတ် တိတ်ဆိတ်စွာ ဆုတောင်းတာဟာ သင့်ရဲ့ စိတ်ဝိညာဉ်အတွက် အားဆေးတစ်ခွက်ပါပဲ။ ကိုယ်တော့်ရဲ့ ဂရုစိုက်မှုကို ခံယူဖို့ အချိန်ပေးပါ။သင့်ရဲ့ ပင်ပန်းမှုတွေကို ကိုယ်တော့်ဆီ အပ်နှံရင်း အတူတူ ဆုတောင်းကြရအောင်။
"ချစ်တော်မူသော အဖဘုရား... ဒီနေ့မှာ ပင်ပန်းနွမ်းနယ်နေတဲ့ သားသမီးတစ်ဦးစီတိုင်းကို ကိုယ်တော့်ရဲ့ ရင်ခွင်ထဲမှာ နားခိုခွင့်ပေးပါ။ ကျွန်တော်/ကျွန်မတို့ မသယ်ပိုးနိုင်တော့တဲ့ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ပင်ပန်းခြင်း ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တော့်ခြေရင်းမှာ အပ်နှံပါတယ်။ လောကကြီးက မပေးနိုင်တဲ့ ကောင်းကင်ဘုံက ငြိမ်သက်ခြင်းကို ခံစားရပါစေ။ သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။"
သင်ဟာ တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး။ သင့်အနားမှာ ကူညီမယ့်အရှင် အမြဲရှိနေပါတယ်။ စိတ်အေးအေးထားပြီး အနားယူပါလို့ အားပေးလိုက်ပါတယ်။
Connect with us:
Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed yo
Ep01_သင်ဟာတစ်ယောက်ထဲမဟုတ်ဘူး
"သင်ဟာတစ်ယောက်ထဲမဟုတ်ဘူး"
တင်ဆက်သူ - July Moe (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်အစီအစဉ်)
ချစ်သောမိတ်ဆွေ
သင် ဒီအကြောင်းကို နားဆင်နေတဲ့အချိန်မှာ သင် ဘယ်လိုခံစားနေရသလဲဆိုတာ ကျွန်မမသိပေမဲ့၊ သင့်ကိုသိ စေချင်တဲ့အရာတစ်ခုရှိပါတယ်။
အဲဒါကတော့ "သင်ဟာ တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတာပါပဲ။ဘဝဆိုတာ ရာသီဥတုလိုပါပဲ။ တစ်ခါတလေ နေသာတယ်၊ တစ်ခါတလေ မိုးရွာတယ်၊ တစ်ခါတလေတော့လည်း လေပြင်းတွေ တိုက်ခတ်တတ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းထန်နေတဲ့အချိန်မှာတောင် တိမ်တွေရဲ့အထက်မှာ နေ မင်းကြီးက အမြဲရှိနေသလိုမျိုး၊ ဘုရားသခင်ရဲ့ မေတ္တာတော်ဟာလည်း သင့်အပေါ်မှာ အမြဲရှိနေပါတယ်။
“သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”၁ ရှင်ပေတရု 5:7 ကိုယ်တော်က သင့်ရဲ့ အသေးစိတ်ကိစ္စလေးတွေအထိ ဂရုစိုက်နေပါတယ်။
ခွန်အားယူစရာ အချက်အလက်လေးများ-
၁။ ယနေ့အတွက်ပဲ တွေးပါ-မနက်ဖြန်အတွက် စိုးရိမ်ခြင်းက ဒီနေ့ရဲ့ ခွန်အားကိုပဲ ကုန်ခမ်းစေပါတယ်။ ဒီနေ့အတွက် ပေးသနားတဲ့ကျေးဇူးတော်ကိုပဲ အာရုံစိုက်ပါ။
၂။ တိတ်ဆိတ်ခြင်းကို ရှာပါ-တစ်နေ့တာရဲ့ ၅ မိနစ်လောက်ကို တိတ်ဆိတ်စွာနေရင်း ဘုရားသခင်နဲ့ စကားပြော ကြည့်ပါ။သင့်စိတ်နှလုံးထဲက ဝန်ထုပ်ဝန်ပိုးတွေ ပေါ့ပါးသွားပါလိမ့်မယ်။
၃။ မျှော်လင့်ခြင်းကို ဆုပ်ကိုင်ပါ-အမှောင်ဆုံးအချိန်ဟာ အရုဏ်ဦးမတိုင်မီ အချိန်ပါပဲ။ သင့်ဘဝရဲ့ အကောင်းဆုံးစာမျက်နှာတွေက လာဖို့ စောင့်ကြိုနေဆဲပါ။
ဆုတောင်းချက်
"အဖဘုရား... ကျွန်တော်/ ကျွန်မတို့ရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းကို ပေးပါ။ လောကရဲ့ ဆူညံသံတွေထက် ကိုယ်တော့်ရဲ့ လမ်းပြသံကို ပိုကြားရပါစေ။ မနက်ဖြန်အတွက် မစိုးရိမ်ဘဲ ကိုယ်တော့်ကို ယုံကြည်ခြင်းနဲ့ အိပ်စက်နိုးထနိုင်ဖို့ကူညီပါ။ သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။'
ခွန်အားရှိပါ။ သင်ဟာ အဖိုးထိုက်တန်တဲ့သူ တစ်ယောက်ပါ။
#ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်