The Irrawaddy Newscast - Burmese Edition

40 Episodes
Subscribe

By: The Irrawaddy

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစာရေးဆရာတဦးက ရှုမြင်သုံးသပ်ခြင်း
Yesterday at 3:00 AM

ဒီတပတ်စနေသတင်းစကားဝိုင်းအစီအစဉ်မှာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ အင်္ဂလိပ်ဘာသာနဲ့ ထွက်လာတော့မယ့် Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy အမည်ပေးထားတဲ့  ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်ကို ရေးသားသူ ဒေါ်မွန်မွန်မြတ်နဲ့ ဆွေးနွေးပြောဆိုထားတာ နားဆင်နိုင်ပါတယ်။ 


Editorial Talk : " တပ်ချုပ်ပဲဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် အာဏာဆက်ယူထားမယ်ဆိုတာ မြင်နေရပြီ "
Last Monday at 3:00 AM

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်ပဲဖြစ်ဖြစ်၊သမ္မတဖြစ်ဖြစ်အာဏာဆက်ယူထားမယ်ဆိုတာမြင်နေရပြီ  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


အားလုံးပါရင်ပါ မပါရင် ဆွေးနွေးပွဲ မထိုင်ဘူးလို့ တသံတည်း ထွက်ဖို့ လိုတယ်
03/28/2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုမူတွေနဲ့ ငြိမ်းချမ်းရေးစကားပြောမလဲ ဆိုတာ စာရေးဆရာ တင်မောင်သန်း သင့်ဘဝရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။


Editorial Talk : " စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ"
03/23/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


Opinion Talk : “အာဏာရှင်တွေရဲ့ နိုင်ငံရေးသားကောင်များ"
03/19/2026

စစ်ကောင်စီက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ထောင်ချီကို ဘာကြောင့် လွှတ်ပေးခဲ့တာလဲ။ ပြည်သူရွေးချယ်ထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင်ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုရော မကြာခင် လွှတ်ရဲမလား။ အကျဉ်းထောင်တွေဟာ ဘာကြောင့် နိုင်ငံရေးလွတ်လပ်မှုကို တိုင်းတာနိုင်တဲ့ barometer ဖြစ်နေတာလဲ။ ဒီအကြောင်းတွေကို Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကိုနားဆင်နိုင်ပါပြီ။


#မြန်မာ #အကျဥ်းထောင် #အကျဥ်းသား #နိုင်ငံရေး #လွတ်လပ်ရေး #လွတ်ငြိမ်းချမ်းသာခွင့် #နိုင်ငံခေါင်းဆောင် #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #မင်းအောင်လှိုင် #စစ်တပ် #အာဏာရှင် #Myanmar #prisoner #political #freedom #barometer #military #UWinMyint #DawAungSanSuuKyi #MinAungHlaing #dictator #WhatsHappeningInMyanmar


Editorial Talk : " ဆီဘေးကြုံနေတဲ့ ပြည်သူနဲ့ ဗုံးလိုက်ကြဲနေတဲ့ စစ်တပ် "
03/16/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဆီဘေးကြုံနေတဲ့ပြည်သူနဲ့ဗုံးလိုက်ကြဲနေတဲ့စစ်တပ် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


တံဆိပ်ပြန်ကပ်ရုံနဲ့ အနာဂတ်ကို ဆက်လျှောက်မရဘူး
03/14/2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲသစ်ကတဆင့် တက်လာတဲ့ လွှတ်တော်သစ်တွေ အစိုးရသစ်တွေနဲ့ အရေခွံလဲတဲ့ မြန်မာစစ်တပ် အလုပ်ဖြစ်မလားဆိုတာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)ရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။


Editorial Talk : " ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထဲ စစ်တပ်အပ်မှာလား"
03/09/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲစစ်တပ်အပ်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


အကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးတာ နိုင်ငံရေးဖိအားကြောင့်ပါ
03/07/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးခဲ့မှု၊ စစ်တပ် ရွေးကောက်ပွဲကတဆင့် တက်လာမယ့် အစိုးရသစ်နဲ့ အလုပ်သမားအခွင့်အရေး၊ မတ်လထဲ ကျင်းပဖို့ရှိနေတဲ့ အိုင်အယ်လ်အို အစည်းအဝေးနဲ့ ပုဒ်မ ၃၃ အရေးယူမှု နောက်ဆက်တွဲတွေအကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးနဲ့ မေးမြန်းဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်


Editorial Talk : "သမ္မတ ဘယ်သူ လုပ်မှာလဲ"
03/02/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သမ္မတဘယ်သူလုပ်မှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


မင်းအောင်လှိုင် တပ်ချုပ်ရာထူးက ထွက်မယ့်အခါ
02/28/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနီဖောင်းချွတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးက ထွက်မယ့် အကြောင်းနဲ့ပတ်သက်ပြီး စီဒီအမ် ဗိုလ်မှူးနောင်ရိုးရဲ့  ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။


Editorial Talk : "စစ်တပ်ခေါ်မယ့် ငြိမ်းချမ်းရေးစားပွဲဝိုင်း ဘယ်သူသွားမလဲ"
02/23/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ခေါ်မယ့်ငြိမ်းချမ်းရေးစားပွဲဝိုင်းဘယ်သူသွားမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


လွတ်နေတဲ့ခုံတွေ အာဆီယံ ပြန်ထိုင်ခွင့်ပေးမလား
02/21/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေပေါ်မူတည်ပြီး အာဆီယံအသင်းရဲ့ သဘောထားအပြောင်းအလဲ ဖြစ်နိုင်ခြေတွေအပေါ် အာဆီယံရေးရာကျွမ်းကျင်သူ ကိုဝင်းမင်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။ 

#မြန်မာ #ဧရာဝတီ #စနေသတင်းစကားဝိုင်း #ရဲနည် #ကိုဝင်းမင်း #အာဆီယံ #စစ်တပ် #ရွေးကောက်ပွဲ #နိုင်ငံရေး



Opinion Talk : “တိုင်းပြည်ဖျက်တဲ့ ကြံရာပါများ"
02/18/2026

အာဏာရှင်ဆိုတာ တယောက်တည်း မရပ်တည်နိုင်ပါဘူး။ သူတို့ လိုအပ်ချက်တွေ ထောက်ပံ့နိုင်ဖို့၊ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီး၊ တိုင်းပြည်ကို စစ်ဖိနပ်အောက်ကို ပြန်ရောက်စေဖို့ အတူတကွ ဆောင်ရွက် ပေးမယ့် “ကြံရာပါ”တွေလိုပါတယ်။   ကြံရာပါတွေက ဘယ်သူတွေလဲ၊ ဘာအတွက်ကြောင့် ကြံရာပါ အနေနဲ့ ပါဝင်နေတာလဲ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။


Podcast



#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ကြံရာပါ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #accomplices #OpinionTalk #WhatsHappeningInMyanmar 


Editorial Talk : "ထိုင်းအစိုးရသစ်နဲ့ မြန်မာ့အရေး"
02/16/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းအစိုးရသစ်နဲ့မြန်မာ့အရေး  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ တာ၀န်ခံအယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။


Saturday Roundtable: ပါချုပ်ဆရာတော်ရဲ့ သဝဏ်လွှာ၊ Walk for Peace နဲ့ ICJ ရောက် မဘသဘုန်းကြီးများ
02/14/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသရဲ့ ရွှေကျင်ဂိုဏ်းအစည်းအဝေးကို တင်သွင်းတဲ့ သဝဏ်လွှာ၊ ဝါရှင်တန်မှာ အောင်မြင်စွာ စခန်းသိမ်းခဲ့တဲ့ ငြိမ်းချမ်းရေးခရီး နဲ့ အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်မှာ ဖော်ပြခံရတဲ့  ရွှေကျင်သာသနာပိုင် အရှင်ဉာဏိဿရတို့အကြောင်းတွေ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ဆီ ဧရာဝတီက မေးမြန်းလျှောက်ထားထားပါတယ်။


Editorial Talk : " ပျောက်နေသူကြီး ပြန်ပေါ်လာတဲ့အခါ "
02/09/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပျောက်နေသူကြီးပြန်ပေါ်လာတဲ့အခါ   " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ တာ၀န်ခံအယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။


အတိုင်ပင်ခံကောင်စီဖွဲ့တာ တရုတ်ကြောင့်ပါ
02/07/2026

လတ်တလော ယူဆချက် အမြင် ရှုထောင့်အမျိုးမျိုး ဖြစ်ပေါ်စေတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလောတကြီး ထုတ်ပြန်လာရတဲ့အကြောင်းဟာ တရုတ်ကြောင့်လို့ ဧရာဝတီကို ပြောပါတယ်။ ဆွေးနွေးချက် အစအဆုံးကို ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နားဆင်ကြည့်ကြပါ။


Opinion Talk: “ရွေးကောက်ပွဲလား လက်စားချေပွဲလား”
02/04/2026

စစ်တပ်ဟာ ပြည်သူတွေကို လက်စားချေဖို့ ရွေးကောက်ပွဲကို ဘယ်လို ဆင်နွှဲခဲ့သလဲ။ စစ်တပ်ပါတီ ရွေးကောက်ပွဲတွေမှာ ဘာကြောင့် နိုင်တာလဲ၊ အဖြည့်ခံပါတီတွေရဲ့ အရှုံးနဲ့ ဇာတ်သိမ်းရတဲ့ ကံကြမ္မာ၊ ဂုဏ်ယူစရာ လက်သန်းတွေကနေ ရှက်စရာ လက်သန်းတွေအဖြစ် ဘာလို့ ပြောင်းသွားလဲ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။


Editorial Talk : "သူခိုးကြီးများနဲ့ ရွေးကောက်ပွဲ"
02/02/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သူခိုးကြီးများနဲ့ရွေးကောက်ပွဲ   " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


လူထုနွေဦးရန်ပုံငွေ တနှစ်ပြည့်ပြီ
01/31/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တနှစ်ပြည့်ပြီဖြစ်တဲ့ Spring Crowdfund- SCF လူထုနွေဦးရန်ပုံငွေအကြောင်း အဖွဲ့တာဝန်ခံ မအမ်မလီယာလိုဂန်နဲ့ အဖွဲ့အကြံပေး ကိုမင်းကွန်းတို့ရဲ့ ရှင်းလင်းပြောကြားချက်တွေကို နားဆင်နိုင်ပါတယ်။ 


Editorial Talk : "Walk for Peace နဲ့ မြန်မာပြည်က ဘုန်းကြီးတွေ ဆန့်ကျင်ဘက်ဖြစ်နေ"
01/26/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "Walk for Peace နဲ့မြန်မာပြည်ကဘုန်းကြီးတွေဆန့်ကျင်ဘက်ဖြစ်နေ   " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။


Saturday Roundtable: ဦးနေဝင်း ၂၆ နှစ်၊ ဦးသန်းရွှေ ၁၉ နှစ်၊ မင်းအောင်လှိုင် ဘယ်လောက်ကြာမလဲ
01/24/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဆက်လုပ်ဖြစ်ခဲ့ရင် စစ်တပ်ကို ဘယ်လိုဆက်ချုပ်ကိုင်နိုင်မလဲဆိုတာ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ သုတေသီ ကိုနိုင်မင်းခန့်ရဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။


Opinion Talk : “မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ"
01/21/2026


အီရတ်က ဆက်ဒမ်ဟူစိန်ကနေ ဗင်နီဇွဲလားရဲ့ မာဒူရိုအထိ ကမ္ဘာ့အာဏာရှင်တွေ နည်းမျိုးစုံနဲ့ ဇာတ်သိမ်းခဲ့ပေမယ့် မြန်မာအာဏာရှင်တွေကတော့ ဘာကြောင့် အခုထိ "ကံကောင်း" ပြီး လွတ်မြောက်နေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။


Podcast


#မြန်မာ #အာဏာရှင် #ကဒါဖီ #ဆက်ဒမ်ဟူစိန် #မင်းအောင်လှိုင် #ခုံရုံး #စစ်ခေါင်းဆောင်  #Myanmar #junta #US #military #MinAungHlaing #dictator #ICC #ICJ #OpinionTalk #WhatsHappeningInMyanmar


Editorial Talk : ကော်သူးလေအိပ်မက်နဲ့ သမ္မတများ မြန်မာနိုင်ငံတော်
01/19/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ကော်သူးလေအိပ်မက်နဲ့သမ္မတများမြန်မာနိုင်ငံတော် (ရုပ်/သံ)  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။


မင်းအောင်လှိုင်ကို ထားဝယ်သားလို့ မခံယူကြဘူး
01/17/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တနင်္သာရီဒေသက ရွေးကောက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြောင်းတွေကို Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်း ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။



Editorial Talk : "တိုက်ပွဲကြားက ရွေးကောက်ပွဲနဲ့ တရုတ်ခြေလှမ်း"
01/12/2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်ပွဲကြားကရွေးကောက်ပွဲနဲ့တရုတ်ခြေလှမ်း   " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


မြန်မာပြည်ရဲ့ ပြဿနာက တပ်ဘေးဖြစ်တယ်
01/10/2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေးမြင်ကွင်း၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်အစိုးရ အနေအထားတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။


Opinion Talk : “၂၀၂၆ သို့ မျှော်ကြည့်ခြင်း - တိုက်ပုံဝတ် စစ်အာဏာရှင်ခေတ် ဆီသို့...”
01/07/2026

၂၀၂၆မှာ ဘာအပြောင်းအလဲတွေရှိလာမလဲ၊ ဘယ်လို နိုင်ငံရေးပုံစံတွေ ဖြစ်လာနိုင်သလဲ။ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်မလဲ။ နှစ်ဟောင်းကို ပြန်သုံးသပ်ပြီး နှစ်သစ်အတွက် ဘာတွေပြင်ဆင်သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။


Editorial Talk: "ရွေးကောက်ပွဲက ထွက်ပေါက်လား၊ ပဋိပက္ခ မီးစာလား"
12/29/2025

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ရွေးကောက်ပွဲကထွက်ပေါက်လား၊ပဋိပက္ခမီးစာလား  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ
12/27/2025

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းတကျ ကိုယ်စားပြုမှုကို အကောင်အထည်မဖော်နိုင်ဘဲ ပုံပျက်ပန်းပျက်ဖြစ်လွန်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ကိုထင်ကျော်အေးရဲ့ သုံးသပ်ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။


Editorial Talk : "ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း ပြန်စတော့မလား"
12/22/2025

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းပြန်စတော့မလား  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


ရွေးကောက်ပွဲကနေ ဘာတွေမျှော်လင့်မှာလဲ
12/20/2025

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပေါ် အမျိုးသမီးရေး ရှုထောင့်ကနေ တိုင်းရင်းသားသတင်းမီဒီယာတွေ ဖွဲ့စည်းထားတဲ့ Burma News International-BNI ရဲ့ Managing Director  ဒေါ်တင်တင်ညိုက ဆွေးနွေးထားချက်ကို နားဆင်နိုင်ပါတယ်။


Opinion Talk : “စစ်တပ်က နိုင်ငံကို ဘယ်လို စစ်ကျွန်လုပ်ခဲ့လဲ”
12/18/2025


စစ်တပ်က နိုင်ငံကို စစ်ကျွန်လုပ်တဲ့ ၆၃နှစ်အတွင်း စစ်ခေါင်းဆောင်တွေ နိုင်ငံနဲ့ ပြည်သူကို ရေရှည်အုပ်ချုပ်ဖို့ အဆင့် ၃ ဆင့် နဲ့ ဘာတွေလုပ်ခဲ့ကြလဲ။ သူတို့အမြဲသုံးတဲ့ စစ်ကျွန် formula ကိုသိထားပြီး ရှေ့မှာ ဘာတွေဖြစ်လာနိုင်မလဲ၊ ဘယ်လို ချိုးဖောက်ကြမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။



Editorial Talk : စစ်တပ်က ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားနေပြီလား
12/15/2025

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ကရခိုင်ပြည်နယ်ကိုပစ်မှတ်ထားနေပြီလား  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


သေနတ်မကိုင်သူတွေကို ဖယ်ထုတ်တဲ့ နိုင်ငံရေးပဲ ဖြစ်လိမ့်မယ်
12/13/2025

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မကြာခင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က မျှော်ကြည့် သုံးသပ် ဆွေးနွေးထားပါတယ်။



Editorial Talk : ပြောင်းပြန်ယူရမယ့် တပ်ချုပ်မိန့်ခွန်း
12/08/2025

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြောင်းပြန်ယူရမယ့်တပ်ချုပ်မိန့်ခွန်း  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


ကျားဖြန့်တိုက်ဖျက်ရေးကြောင့် ကရင်အချင်းချင်း ပစ်ကြတော့မလား
12/06/2025

မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အယောင်ပြကျားဖြန့်နှိမ်နင်းရေးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဘာကွာလဲ ၊  KNU ရဲ့ ကျားဖြန့်နှိမ်နင်းရေးကြောင့် ကရင်အချင်းချင်း ပြန်ပစ်ကြတော့မလား စတဲ့အကြောင်းတွေကို ကရင်နယ်စပ်တကြော ကျားဖြန့်လုပ်ငန်းတွေ လေ့လာနေသူ စောသူးဘီးနဲ့ ဒီတပတ်ဆွေးနွေးထားပါတယ်။


Opinion Talk : “ဘိန်းဘုရင် နဲ့ Scam ဘုရင်တွေ ခိုလှုံရာ စစ်ဗိုလ်ချုပ်တွေ ရင်ခွင်”
12/03/2025

မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာက လိုချင်နေတဲ့ ဘိန်းဘုရင် ခွန်ဆာ တို့လို ရာဇဝတ်သားတွေကို ဘယ်လို အကာအကွယ်ပေးခဲ့သလဲ။ တကယ်လို့များ စောချစ်သူအပါအဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပြောလာရင် စစ်အုပ်စုက ဘာလုပ်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။



Editorial Talk : ကျားဖြန့် ရွေးကောက်ပွဲ
12/01/2025

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ကျားဖြန့်ရွေးကောက်ပွဲ  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။